ချောင်းသာ ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်း ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားပြီး မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူ ၄၃၂ ဦးအား တစ်ဦးလျှင် ကျပ်(၂၀၀၀၀)နှုန်းဖြင့် ငွေကျပ်(၈၆၄၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ချောင်းသာမြို့အတွင်း ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူ ၄၃၂ ဦး အနက် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နေရပ်စွန့်ခွာပြည်သူ (၅၀)ဦးတို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ဆန်များကို တစ်ဦးလျှင် ဆန်(၂)ပြည်နှုန်းဖြင့် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)