ချောင်းသာ ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် စားဝတ်နေရေး အခက်အခဲရှိသူများအား ဆန်များ ပေးအပ်လှူဒါန်းခြင်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက ချောင်းသာကမ်းခြေရှိ ကျောက်ပုထိုးစေတီတော်အနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့သို့ ပေးအပ်လှူဒါန်းရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် တာဝန်ရှိသူများက စားဝတ်နေရေးအခက်ခဲရှိသည့် အိမ်ထောင်စု(၁)စုလျှင် ဆန်(၂)ပြည်နှုန်းဖြင့် အိမ်ထောင်စု စုစုပေါင်း(၄၀၀)အား ဆန်များလှူဒါန်းပေးခဲ့ကြသည်။
အဆိုပါဆန်များ လှူဒါန်းခြင်းကို မြို့အုပ်ချုပ်မှူး ဦးဆောင်ပြီး မြို့အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် မြို့ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက ပူးပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)