ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆို

ဒေးဒရဲ ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့ကစတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 ဒေးဒရဲမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် Grade-1 ကျောင်းသား၊ ကျောင်းသူ (၃၇၃၀)ဦး၊ Grade- 2 ကျောင်းသား၊ ကျောင်းသူ (၃၇၃၀)ဦး၊ Grade- 3 ကျောင်းသား၊ ကျောင်းသူ (၄၆၃၅)ဦး၊ Grade-4 ကျောင်းသား၊ ကျောင်းသူ (၃၅၉၅)ဦး၊ Grade-6 ကျောင်းသား၊ ကျောင်းသူ (၃၀၆၃)ဦး၊ Grade- 7 ကျောင်းသား၊ ကျောင်းသူ (၂၁၉၆)ဦး၊ Grade -8 ကျောင်းသား၊ ကျောင်းသူ (၈၁၉) ဦး၊ Grade-10 ကျောင်းသား၊ ကျောင်းသူ (၁၄၁၇)ဦး၊ Grade (11) ကျောင်းသား၊ ကျောင်းသူ (၁၀၂၈)ဦး၊ Grade(12)ကျောင်းသား၊ ကျောင်းသူ(၈၀၆)ဦး မြို့နယ်အတွင်းရှိ သက်ဆိုင်ရာအခြေခံပညာကျောင်းများတွင်  နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ သက်ဆိုင်ရာဘာသာရပ်များကို ဖြေဆိုသွားမည် ဖြစ်ပြီး ကျန်ရှိသည့် Grade–5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ၏ နှစ်ဆုံးစာမေးပွဲအား  ၂၀၂၅ ခုနှစ် မတ်လ ၃ ရက်နေ့တွင် သက်ဆိုင်ရာစာဖြေဌာနတို့၌ အသီးသီးဖြေဆိုရမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက  သိရသည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲတွင် ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ယာဥ်အန္တရာယ်ကင်းရှင်းရေး သက်ဆိုင်ရာဌာနများက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း