ဘိုကလေး ဖေဖော်ဝါရီ ၂၁
(၂၀၂၅)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနအဖြစ် အသုံးပြုမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စုရှိ၊ အ.ထ.က (ပေချောင်းကြီး) စာသင်ကျောင်းအား မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့နံနက်(၁၁)နာရီအချိန်၌ လိုအပ်သည်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
စစ်ဆေးဆောင်ရွက်ရာတွင် စာသင်ကျောင်း၌ မီးသတ်ဆေးဘူးထားရှိမှုအခြေအနေများ၊ လျှပ်စစ်သွယ်တန်းသုံးစွဲမှု အခြေအနေများ၊ မီးသုံးစွဲမှုအခြေအနေများ၊ မီးဘေးတားဆီးကာကွယ်ရေးပစ္စည်းများ ထားသိုသုံးစွဲမှု အခြေအနေများကို စစ်ဆေးကာ လိုအပ်သည်များအား လိုက်နာဆောင်ရွက်ထားရှိရန် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်က အ.ထ.က(ပေချောင်းကြီး) ကျောင်းအုပ်ကြီးနှင့် ဆရာ/မများအား အသိပေးလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)