ရေတာရှည်မြို့နယ်၌ အခြေခံပညာအဆင့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ စတင်ဖြေဆို

ရေတာရှည် ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အခြေခံပညာဦးစီးဌာန၏ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က စတင်ဖြေဆိုခဲ့ကြသည်။

အဆိုပါ စာမေးပွဲကို ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade - 5 Grade - 9၊ တက္ကသိုလ်ဝင်တန်းများမှလွဲပြီး ကျန်အတန်းများက မိမိတို့သက်ဆိုင်ရာကျောင်းများတွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အခြေခံပညာအဆင့် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲကို ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီ ၂၇ ရက်နေ့အတွင်း ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၆၆) ကျောင်းရှိရာ စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၃၅၅၃၉) ဦးရှိပြီး၊ စာမေးပွဲဝင်ရောက်ဖြေဆိုသူ(၃၅၄၂၉)ဦး၊ ပျက်ကွက်သူ(၁၁၀)ဦးရှိပြီး၊ ဖြေဆိုသူ(၉၉.၆၉)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

မြို့နယ် (ပြန်/ဆက်)