ကြံခင်း ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာအဆင့်ကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာနှစ်၏(ကျောင်းတွင်းစစ်) နှစ်ဆုံးစာမေးပွဲ သက်ဆိုင်ရာကျောင်းများတွင် ယမန်နေ့နံနက် ၈ နာရီမှစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့(ကျောင်းတွင်းစစ်) နှစ်ဆုံးစာမေးပွဲကို ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၇)ကျောင်း၊ အခြေခံပညာအထက်တန်း(ခွဲ)(၄)ကျောင်း၊ အခြေခံပညာအလယ်တန်း(၆)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(၃)ကျောင်း၊ မူလွန်(၃) ကျောင်း၊ မူလတန်း(၉၈) ကျောင်းနှင့် မူလတန်း(ခွဲ)(၁)ကျောင်းများတွင် (Grade-5,Grade-9) မပါ၊ စာရင်းရှိ ကျား(၅၉၂၆)ဦး၊ မ (၅၉၅၉)ဦး၊ စုစုပေါင်း(၁၁၈၈၅)ဦး၊ ဖြေဆိုသူကျား(၅၉၁၃)ဦး၊ မ(၅၉၄၄)ဦး စုစုပေါင်း (၁၁၈၅၇)ဦး လာရောက်ဖြေဆိုကြသဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၉၉.၇၆) ဖြစ်သည်။
မြန်မာနိုင်ငံစစ်ဌာနမှ Grade-5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ပြီး Grade-12 ကို ဧပြီလ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရပါသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)