ငပုတော ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် မော်လမြိုင်ကျွန်းမြို့နယ်တွင် ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၈)နာရီ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဆောင်ရွက်ပေးခဲ့သည်။
နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တိုင်းရင်းဆေးဦးစီးဌာန ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်စီဂျင်များစစ်ပေးခြင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်း၊ အထွေထွေရောဂါလူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့်ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ရောင်းချပေးခဲ့သည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်တို့က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)