ဝေါ ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ကျန်းမာရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်ကုသပေးမှုအား ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံဟောင်း၌ ပြုလုပ်ကြောင်း သိရသည်။
ထိုသို့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား၊ ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ဖြစ်ပွားနေသည့် ရောဂါများအလိုက် စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို (အခမဲ့) စစ်ဆေးဆောင်ရွက်ကုသပေးကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)