တောင်ငူ ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြစည်းခုံသာသနာ့ဗိမာန်တော်စာဖြေဌာန၌ (၅၄) ကြိမ်မြောက် တောင်ငူခရိုင်လုံးဆိုင်ရာ သုဓမ္မာပရိယတ္တိစာတော်ဖြေဆိုပွဲကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိရာ ယမန်နေ့တွင် ဆက်လက်ဖြေဆိုလျက်ရှိသည်။
(၅၄) ကြိမ်မြောက် တောင်ငူခရိုင်လုံးဆိုင်ရာ သုဓမ္မာပရိယတ္တိစာတော်ဖြေဆိုပွဲကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ယနေ့တွင် ပါရာဇိကဏ်ဘာသာရပ် (ဒုတိယနေ့) ဓမ္မာစရိယအတန်းတွင် ဖြေဆိုသူသံဃာတော် (၁၀)ပါး၊ ကစ္စည်း/သဒ္ဒါဘာသာရပ် ပထမဆင့်အတန်းတွင် ဖြေဆိုသူသံဃာတော် (၃၃၇) ပါး၊ ဒုတိယဆင့်အတန်းတွင် ဖြေဆိုသူသံဃာတော် (၁၉၄) ပါး၊ တတိယဆင့်အတန်းတွင် ဖြေဆိုသူသံဃာတော် (၁၂၆) ပါး၊ ပထမငယ်အတန်းတွင် ဖြေဆိုသူ သံဃာတော် (၁၁၅) ပါး၊ ပထမလတ်အတန်းတွင် ဖြေဆိုသူသံဃာတော် (၂၈) ပါး၊ ပထမကြီးအတန်းတွင် ဖြေဆိုသူသံဃာတော် (၁၃) ပါး၊ စုစုပေါင်းဖြေဆိုသူသံဃာတော် (၈၂၃) ပါးရှိကြောင်း ခရိုင်သာသနာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)