ဖျာပုံ ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့ ပဉ္စာမာရဇိံ ဆုတောင်းပြည့် ရွှေသာလျောင်းဘုရားကြီးတန်ဆောင်းတွင် ဆောင်ရွက်ပေးကြသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ဖျာပုံခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာလာရောက်ထုတ်ယူကြသော အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား သွေးပေါင်ချိန်ခြင်း၊ ဆီးချို၊ သွေးတိုးစသော ကျန်းမာရေးဆိုင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို လစဥ် (၂၁)ရက်နေ့နံနက် (၈)နာရီအချိန်မှစတင်ကာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား နေ့ရက်အလိုက် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)