လပွတ္တာမြို့နယ်အတွင်းရှိ စာစစ်ဌာနများအား မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခြင်း

လပွတ္တာ ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးစိမ်းကိုကိုနှင့်တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ စာမေးပွဲဖြေဆိုကျင်းပမည့် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံမှုရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် အ.ထ.က(၁)စာစစ်ဌာနနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကိုလည် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် စာသင်ကြောင်းများရှိ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိသည့် အရေးပေါ်မီးသတ်ဆေးဘူးများ၊ မီးချိတ်မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် အသုံးပြု၍မရသော လျှပ်စစ်မီးကြိုးများ၊မီးခလုတ်များအား အသစ်လဲလှယ်ထားရှိရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)