မအူပင်မြို့၌ ဆောင်းသီးနှံနေကြာ ဖြစ်ထွန်းအောင်မြင်နေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး

မအူပင် ဖေဖော်ဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊  မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၌ ဆောင်းသီးနှံနေကြာဖြစ်ထွန်းအောင်မြင်နေမှုများအား ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါကွင်းဆင်းကြည့်ရှုမှုအား မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှတာဝန်ရှိသူများမှ တော်တလုပ်ကျေးရွာအုပ်စုရှိ ပေစိကွင်း၊ ဧရိယာ (၂.၀၀)ဧက၌ တောင်သူဦးမြင့်သန်း၏(အိန္ဒိယမျိုး) နေကြာအောင်မြင်ဖြစ်ထွန်းနေမှုများအားလည်းကောင်း၊ ပေစိကွင်း၊ ဦးပိုင်အမှတ်(၁၃၁)၊ ဧရိယာ(၃.၀၀)ဧကရှိ တောင်သူဦးသာစိုး၏ (Super Sun 41) နေကြာအောင်မြင်ဖြစ်ထွန်းနေမှုများအားလည်းကောင်း၊ ပေစိကွင်း၊ ဦးပိုင်းအမှတ် (၁၂၈)၊ ဧရိယာ (၃.၀၀)ဧကရှိ တောင်သူဒေါ်သန်းသန်းအေး၏ (Super Sun 41)နေကြာ အောင်မြင်ဖြစ်ထွန်း နေမှုများအား လည်းကောင်း၊ တော်တလုပ်သောင်၊ ဦးပိုင်အမှတ်(N/၂၇)၊ ဧရိယာ(၅.၀၀)ဧကရှိ တောင်သူဦးမင်းမင်းစိုး၏(အိန္ဒိယမျိုး) နေကြာအောင်မြင်ဖြစ်ထွန်းနေမှုများအားလည်းကောင်း၊ တော်တလုပ်ကွင်း၊ ဦးပိုင်အမှတ်(၈၂/၃)၊ ဧရိယာ(၂.၀၇)ဧကရှိ တောင်သူဦးဝင်းဇော်၏ (အိန္ဒိယမျိုး) နေကြာအောင်မြင်ဖြစ်ထွန်းနေမှုများအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပြီး နေကြာခင်းအတွင်း ပိုးမွှားအန္တရာယ်မကျရောက်စေရေး၊ ရေပေးသွင်းခြင်း၊ မြေဩဇာအချိန်‌ကိုက် ထည့်သွင်းအသုံးပြုနိုင်ရေးကိစ္စရပ်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)