တနင်္သာရီ ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာနှစ်၏ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ KG အတန်းမှ Grade-12 အတန်းအထိ (Grade-5 နှင့် Grade-9မပါ) စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်မှစ၍ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အတွင်း(တနင်္ဂနွေနေ့)မပါဘဲ စစ်ဆေးမည်ဖြစ်ရာ ယနေ့တွင် မြန်မာစာဘာသာကို စတင်စစ်ဆေးခဲ့သည်။
ထိုသို့ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို တနင်္သာရီမြို့နယ်အတွင်းရှိ အထက်တန်း(၃)ကျောင်း၊ အထက်ကျောင်း(ခွဲ) (၃)ကျောင်း၊ အလယ်တန်း(၃)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၆)ကျောင်း၊ မူလွန်(၁၀)ကျောင်း၊ မူလတန်း(၂၉)ကျောင်းနှင့် မူလတန်း(ခွဲ)(၅)ကျောင်း စုစုပေါင်း(၅၉)ကျောင်းတို့မှ အထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့် ကျောင်းသူ/သားများတွင် စာရင်းရှိ ကျောင်းသား (၅၈၄၈)ဦး+ မ(၆၁၈၄)ဦး၊ စုစုပေါင်း(၁၂၀၃၄)ဦးရှိသည့်အနက် ယနေ့မှာ ကျောင်းသား (၅၀၇၆)ဦးနှင့်မ(၅၄၄၈)ဦး၊ စုစုပေါင်း(၁၀၅၂၄)ဦး လာရောက်ဖြေဆိုကြသဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၈၇.၄၅၂၂၁၉)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)