နတ်မောက် ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က သွားရောက် ဖြန့်ဝေပေးသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားရေးအသွင်ဖြင့်ကာကွယ်တိုက်ဖျက်၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မီးရှို့ဖျက်ဆီး၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်ပွားနိုင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ ရေနံ့သာမောင်ကျော်ညွန့်ရေးသားသည့် ရှောင်ဖယ်ဝေးဝေးမူးယစ်ဆေး(ကဗျာ)၊ အသိပညာပေးမှတ်တမ်းဓာတ်ပုံများနှင့် ကာတွန်းများဖြင့် အရောင်အသွေးစုံလင်စွာ ဖော်ပြပါရှိသည်။
သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နတ်မောက်မြို့နယ်ရုံးဝန်ထမ်းများက လူငယ်လူရွယ်များဗဟုသုတရရှိစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
လှဝင်း