နတ်မောက် ဖေဖော်ဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးစစ်သားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာခင်(ဦးစီးအရာရှိ)က ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိမှတ်ဖွယ်ရာနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ရသူများ၊ လျှော့ပေါ့ခွင့်ရသူများနှင့် ရွှေ့ဆိုင်းခွင့်ရသူများ စသည့် အကြောင်းအရာများကို တက်ရောက်လာကြသည့် အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)မှ ကျောင်းသား/သူများအား ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ သတင်းစကားလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။
လှဝင်း