တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၂၀

ယနေ့တွင် ရောက်ရှိသည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်  ၈ နာရီက ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ချင်းလူမျိုးတို့၏ ဘာသာစကား ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ သမိုင်းအစဉ်အလာများ မပျောက်ကွယ် မတိမ်ကောသွားစေရန်၊ ထိန်းသိမ်းသွားရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ ချင်းလူမျိုးတို့၏ ဇာတိသွေး၊ ဇာတိမာန် အစဉ်နိုးကြားပြီး စည်းလုံးညီညွတ်မှုရှိစေရန်၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး အတူတကွပေါင်းစည်းပြီး စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်သွားရန် စသည့် ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် အခမ်း အနားအား ကျင်းပခြင်းဖြစ်ကြောင်း၊ အသီးတရာ အညှာတစ်ခုပမာ အမိနိုင်ငံတော်ကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသည့် နိုင်ငံတော်တစ်ခုဖြစ်ရာ တိုင်းရင်းသားလူမျိုး အသီးသီးတို့သည် မတူညီသည့်သမိုင်းနောက်ခံ၊ ရပ်တည်ချက်၊ မိမိတို့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်နေထိုင်ကြသည့်အလျောက် မိမိတို့လူမျိုးအလိုက် အမျိုးသားနေ့များကို ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ကျင်းပကြကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ၊ စာပေနှင့်အနုပညာများ ထိန်းသိမ်းမြှင့်တင်နိုင်ရန်နှင့် တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု၊ရိုးရာဓလေ့ထုံးတမ်းများ တိမ်ကောပျောက်ကွယ်မှုမရှိစေရန် အလေးအနက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသော၊ ချင်း တိုင်းရင်းသားများ အနေဖြင့် မိမိတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် ချင်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံးတက်ညီ လက်ညီဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရန်နှင့် ချင်းအမျိုးသားနေ့ဖြစ်သည့် အားလျော်စွာ မိမိတို့ လူမျိုး၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီးတိုင်းရင်း သားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဖတ်ကြားပြီး ချင်းအမျိုးသား ဦးထန်ရွှီက ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းအား ဖတ်ကြားသည်။

ဆက်လက်၍တိုင်းရင်းသားများ၏ ချင်းရိုးရာယဉ်ကျေးမှုအက၊ ချင်းတိုင်းရင်းသားရိုးရာသီချင်း၊ ကရင်ရိုးရာဝါးထောက်အကဖြင့် သီဆိုကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေးပြီး ဆရာတော်လင်းထွန်းက ဆုတောင်းစကားပြောကြားကာ ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပရေးကော်မတီဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းကိုကိုဦးက ကျေးဇူးတင်စကား ပြောကြားကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)