ပြည်ကြီးမဏ္ဍိုင် ဖေဖော်ဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား/သူများအနေဖြင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်များရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်နှင့် စာကြည့်တိုက်အသုံးချမှု ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်၊ ဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့သည်။
ထို့နောက် အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်) Grade-3 မှ ကျောင်းသား၊ ကျောင်းသူ (၁၄) ဦးတို့က “သူတို့တွေဘာလုပ်နေကြပါလိမ့်”စာအုပ်နှင့် “ပုရွက်ဆိတ်နှင့်ကြက်တူရွေး”စာအုပ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲအားလည်းကောင်း၊ Grade-3 နှင့် Grade-2 မှ ကျောင်းသား/ကျောင်းသူ(၁၈) ဦးတို့က ဘောလုံးပစ်ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား ဂုဏ်ပြုလက်ဆောင်နှင့် ပြိုင်ပွဲဝင် ကလေးများအား အာဟာရမုန့်များ ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်များရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ စာကြည့်တိုက်အသုံးချမှု ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)