မင်းလှ ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းစီပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက လက်ဆက်အုပ်စု၊ စိန်ကန့်လန့်ကျေးရွာ၊ စိတ္တသုခဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက ယာယီနေရပ်စွန့်ခွာပြည်သူများအား ငွေကျပ်(၂၀၀၀၀)နှုန်းစီ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွက် ယာယီနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု (၁၅၉)စုမှ ဝန်ထမ်း(၁)ဦး၊ ပြည်သူ(၅၆၁)ဦး စုစုပေါင်း(၅၆၂)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းစီဖြင့် စုစုပေါင်းငွေကျပ် (၁၁၂၄၀၀၀၀)အား ယာယီနေရပ်စွန့်ခွာပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုပေါက် (ပြန်/ဆက်)