လိပ်သိုဒေသထွက် သဘာဝပျားရည်များ ဈေးကောင်းရရှိ၍ ပျားဖွတ်သူများနှင့် ပျားရည်ရောင်းဝယ်သူများ အဆင်ပြေ

လိပ်သို ဖေဖော်ဝါရီ ၁၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် သစ်ပင်သစ်တောများ ထူထပ်စွာပေါက်ရောက်လျက်ရှိရာ ဒေသနေ တောင်သူများမှာ တောင်ယာလုပ်ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်းများ ရပ်နားထားချိန်၌ ပျားရှာ၊ ပျားဖွတ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ကြကြောင်း သိရသည်။

ဒေသတွင်း ထွက်ရှိသော ပျားရည်များမှာ ဆေးဖက်ဝင်ပြီး အနံ့အရသာနှင့် ပြည့်စုံသောကြောင့် ဒေသထွက် ပျားရည်စစ်စစ်များကို စားသုံးရန်၊ လက်ဆောင်ပေးရန်၊ စားသောက်ကုန်များနှင့် အလှကုန်များတွင် ထည့်သွင်းအသုံးပြုရန်အတွက် ဝယ်ယူသူများပြားလျက်ရှိကာ လိပ်သိုမြို့ပေါ်တွင် ပျားရည်တစ်ပုလင်းလျှင် (၇၀၀ဝိ/-) ကျပ်မှ (၈၀၀ဝိ/-) ကျပ်အထိ ဈေးရရှိနေသဖြင့် ပျားဖွတ်သူများအဆင်ပြေလျက်ရှိနေကြောင်း သိရသည်။

ပျားရည်ရောင်းဝယ်သူများအနေဖြင့်လည်း ဒေသထွက်ပျားရည်များကို ဝယ်ယူသိုလှောင်ထားကြကာ ပဲခူတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့များသို့ ပို့ဆောင်ရောင်းချကြကြောင်း၊ ဒေသတွင်းရှိ တောင်သူများမှာ သဘာဝပျားရည်များအပြင် မွေးမြူရေးပျားများကိုလည်း တစ်နိုင်တစ်ပိုင် မွေးမြူလျက်ရှိကြကြောင်း သိရသည်။

ခင်လေးနွယ်