ကျောက်တံခါး ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဆောင်းသီးနှံ မတ်ပဲစိုက်ဧက(၆၅၈၈၈)ရှိပြီး အထွက်နှုန်းကောင်းမျိုးများဖြစ်သည့် TBL-9 မျိုးနှင့် ရေဆင်း-၇ မျိုးများကို စိုက်ပျိုးခဲ့ရာ TBL-9 မတ်ပဲစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
အဆိုပါစံကွက်ရိတ်သိမ်းခြင်းကို ဖဒိုဒေသ၊ အမှတ်(၅)စိုက်ပျိုးပညာပေးစခန်းနယ်မြေ ဆေးရိုးခင်ကျေးရွာအုပ်စု၊ ကြာဒွေးစုကျေးရွာ တောင်သူဦးစံဖဲ၏ ကွင်းအမှတ် ၁၁၉/က ဦးပိုင်အမှတ် ၁၄/၃ရှိ TBL-9 မျိုး မတ်ပဲစိုက်ခင်း(၅.၀၀) ဧကတွင် စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်(၃၀.၅)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် ဆောင်းသီးနှံမတ်ပဲ ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ထွက်ရှိရေးအတွက် မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စိုက်ချိန်မှန်ကန်စွာစိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်းလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ခြင်း၊ ရွက်ဖျန်းအားဆေးနှင့် မှိုသတ်ဆေး၊ ပိုးသတ်ဆေးများကို နှုန်းထားမှန်ကန်စွာ စနစ်တကျသုံးစွဲခြင်းတို့ကြောင့် မတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းများ ကောင်းမွန်သည့်အတွက် တောင်သူများအကျိုးအမြတ်များစွာရရှိပြီး တွက်ချေကိုက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)