ဖောင်းပြင် ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၉၀၀၀ ကျပ်ဈေးနှုန်းရရှိသဖြင့် ခရမ်းချဉ်စိုက်တောင်သူများမှာ အဆင်ပြေလျက်ရှိကြောင်း ယားပင်းကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူဦးညိုလင်းထံမှသိရသည်။
" ခရမ်းချဉ်သီးက လက်ရှိမှာ တစ်ပိဿာကို ကိုးထောင်ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ စိုက်ပျိုးရေးသုံး ပစ္စည်းတွေ ဈေးတက်ပေမယ့်လည်း ခရမ်းချဉ်သီးဈေးနှုန်းကောင်းနေတော့ တွက်ခြေကိုက်ပါတယ်" ဟု ဦးညိုလင်းက ပြောပြသည်။
ယခုနှစ် ခရမ်းချဉ်စိုက်တောင်သူ အနည်းငယ်ရှိပြီး အခြားဒေသမှ ခရမ်းချဉ်သီးဝင်ရောက်မှုနည်းသည့်အတွက် ခရမ်းချဉ်သီးမှာ အရောင်းသွက်လျက်ရှိကြောင်း၊ ခရမ်းချဉ်အပင်အရေအတွက် ၆၀၀၀ ခန့် စိုက်ပျိုးရာတွင် စုစုပေါင်းကုန်ကျမှု ငွေကျပ်ဆယ်သိန်း (၁၀၀၀၀၀၀) ခန့်ရှိပြီး အသီးများရောင်းချရာတွင် အမြတ်ငွေကျပ် နှစ်ဆယ့်ငါးသိန်း (၂၅၀၀၀၀၀) ခန့် ရရှိမည်ဟု ခန့်မှန်းထားကြောင်း ၎င်းထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)