ဖောင်းပြင် ဖေဖော်ဝါရီ ၁၉
ဖောင်းပြင်မြို့၊ မေတ္တာဖြူစင်သွေးကူညီမှုအသင်း၏ (၈) နှစ်မြောက်၊ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို အသင်းတည်ရှိရာအင်ကြင်းမြိုင်ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ အသင်းရုံးခန်း၌ယနေ့နံနက် (၈) အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
နံနက်ပိုင်းတွင် သံဃာတော်များအားအာရုံဆွမ်း ဆက်ကပ်လှူဒါန်းပြီး ပရိတ်တရားတော် မြတ်ရွက် ဖတ်ကာအနုမောဒနာတရားတော်မြတ်ကို အတူတကွ နာယူပူဇော်ကြပြီးဧည့် ပရိတ်သတ်များ အားမုန့်ဟင်းခါးများဖြင့် ဧည့်ခံခဲ့ကြောင်းသိရသည်။
သွေးသည်အသက်ဆိုသည့် အတိုင်းမြို့နယ်အတွင်းရှိပြည်သူများ သွေးအတွက်အခက်အခဲ မဖြစ်ရန်၊လိုအပ်လျှင်လိုအပ်သလို အချိန်မီလှူးဒါန်းနိုင်ရန်အတွက် ရည်ရွယ်ပြီးစေတနာရှင်၊ လူငယ်မောင်မယ်များနှင့်ရဟန်းသံဃာများပူးပေါင်း၍ (၁၃-၂-၂၀၁၇) ရက်နေ့တွင် မေတ္တာဖြူစင်သွေး ကူညီမှုအသင်းကိုစတင် တည်ထောင်ခဲ့ပြီးယနေ့ဆိုရင် (၈) နှစ်ပြည့် အထိမ်းအမှတ် ဖြစ်ရာသွေးလှူဒါန်း ခြင်းသည်မွန်မြတ်သောအလှူဖြစ်ရာ နောင်လာမည့်လူငယ်များအနေဖြင့် မေတ္တာဖြူစင်သွေးကူညီမှု အသင်းမပျောက်ပျက်သွားစေရန် ထိန်းသိမ်းစောင့်ရှောက်ကြရန်လို ကြောင်းမေတ္တာဖြူစင်သွေး ကူညီမှုအသင်းတာ၀န်ရှိသူတစ်ဦးထံမှသိရသည်။
ထို့အတူမေတ္တာဖြူစင်သွေးကူညီမှု အသင်း (၈) နှစ်မြောက်၊ အထိမ်းအမှတ်အနေဖြင့် စာစီစာကုံးပြိုင်ပွဲ အားကျင်းပပေးကာဆုရရှိသည်ကျောင်းသား၊ ကျောင်းသူများ အားမေတ္တာဖြူ စင်သွေးကူညီမှုအသင်းတာ၀န်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)