ဆိပ်ဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဆိပ်ဖြူ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်များကို အသိပညာပေး နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဒေသခံပြည်သူများအနေဖြင့် ပူပြင်းခြောက်သွေ့၍ ပွင့်လင်းရာသီရောက်ရှိလာသည့်အတွက် ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အဦးများနှင့် ဒေသခံတောင်သူတို့၏ စိုက်ပျိုးရိပ်သိမ်းထားရှိသည့် သီးနှံများ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရန် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများကပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များ လိုက်နာဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေးသုံးပစ္စည်းများနှင့် မီးသတ်ဆေးဘူးများ စုဆောင်းထားရှိရေးအသိပေးနှိုဆော်ခြင်း၊ အရေးပေါ်မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)