နတ်မောက် ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ မြို့မဈေးကြီးသန့်ရှင်းသာယာရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က အဆိုပါ ဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့မဈေးကြီး သန့်ရှင်းသာယာရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့မဈေးကြီးရှိကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဈေးဆိုင်ကြီးများတွင် မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိရေး၊ လျှပ်စစ်ဝါယာကြိုးသွယ်တန်းထားရှိမှုများ စနစ်တကျရှိရေး၊ ဈေးအတွင်း မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ လှေကားများ စနစ်တကျထားရှိရေး၊ ရေလှောင်ကန်များတွင် ရေအပြည့်ထားရှိရေး၊ ဈေးအတွင်းအများသုံး သန့်စင်ခန်းများ သန့်ရှင်းမှုရှိစေရေး၊ ပျံကျဈေးသည်များ ဈေးရောင်းချရာတွင် အမှိုက်များ စနစ်တကျစွန့်ပစ်စေရေးနှင့် ဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် ဈေးအတွင်း/အပြင် လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
လှဝင်း