သရက် ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ တပို့တွဲလမြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က သတ္တဌာနဘုရားကြီးရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ မှာယခင်နှစ်တွေကလဲ ထမနဲထိုးပြိုင်ပွဲကို ကျင်းပခဲ့ပါတယ် ယခုနှစ်ဆိုရင် (၃) ကြိမ်မြောက် ဖြစ်ပြီးပြိုင်ပွဲအသင်းများအဖြစ် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ ပါဝင်ယှဉ်ပြိုင်ကြပြီး အကဲဖြတ် အမှတ်ပေးချက် (၆) ချက်ဖြင့် အကဲဖြတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားပေးခဲ့ပြီး အကဲဖြတ်ဒိုင် အဖွဲ့ခေါင်းဆောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိုးလှမြင့်က အမှတ်ပေ စည်းမျဉ်းများနှင့်ပတ်သက်၍ ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ထမနဲထိုးပွဲ ယှဉ်ပြိုင်ရာ ခရိုင်/အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ခရိုင်/မြို့နယ် ပညာရေးမှူးရုံး၊ ခရိုင်/မြို့နယ် လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်/မြို့နယ် လယ်/စီအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုသရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာန၊ စီမံကိန်း၊ သစ်တောနှင့် ခရိုင်/မြို့နယ် တရားရုံး၊ ခရိုင်/မြို့နယ် ဥပဒေ၊ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာန၊ ခရိုင်/မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ခရိုင်/မြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၊ အမှတ်(၃၁)အကြီးစားစက်ရုံ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ ကြက်ခြေနီ၊ သတ္တဌာန ဘုရား ဂေါပကအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ ဝင်ရောက်ယှဉ်ခဲ့ကြရာ ပထမဆုရရှိသည့် ခရိုင်/မြို့နယ် တရားရုံး၊ ခရိုင်/မြို့နယ် ဥပဒေ၊ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ဒုတိယဆုရရှိသည့် ခရိုင်မြို့နယ် ပညာရေး၊ တတိယဆုရရှိသည့် ခရိုင်မြို့နယ်ကျန်းမာရေး၊ ခရိုင်မြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ဝန်ကြီးဌာနအသင်းနှင့် နှစ်သိမ့်ဆုရရှိသည့် အသင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)