ရေတာရှည်မြို့နယ် ညောင်ပင်သာကျေးရွာရှိ ဆန်စက်များ၌ မီးသတ်ဉီးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

ရေတာရှည် ဖေဖော်ဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ ဆန်စက်များ၌ မြို့နယ်မီးသတ်ဉီးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုဖြစ်ပေါ်လာလျှင် လုပ်ဆောင်ရမည့် နည်းလမ်းများကို သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဉီးစီးဌာန ဦးစီးအရာရှိ ဦးကောင်းထက်နိုင်နှင့် တပ်ဖွဲ့ဝင်များက မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိရန်၊ တပ်ဆင်ထားသည့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့် သုံးစွဲသောလျှပ်စစ်ပစ္စည်းများ၏ ခံနိုင်ဝန်အားရှိ/မရှိစစ်ဆေးပြီး ပျက်စီးနေသော လျှပ်စစ် ပစ္စည်းများအားအသုံးမပြုကြရန်၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက ပြည်သူများကိုယ်တိုင်မီးငြှိမ်းသတ်နိုင်သည့်နည်းစနစ်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အသက်အန္တရာယ်မထိခိုက်စေရန် ဆောင်ရွက်ရမည့်အချက်များကို ဆန်စက်ဝန်ထမ်းများအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက်မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးသတ်ဆေးဘူးအသုံးပြုပုံများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)