ခန္တီး ဖေဖော်ဝါရီ ၁၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် အသိပညာပေးလုပ်ငန်းများ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်၊ စိတ်ကြိုက်ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးခန့်က ကျောင်းသား/သူ လေးများအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်စွမ်းရည်မြင့်မားလာစေရန်၊ ကာယစွမ်းရည်များ ဉာဏစွမ်းရည်များ မြှင့်မားလာစေရန် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲအားကျင်းပပြုလုပ်ရာ ကျောင်းသား/သူလေး(၁၅)ဦးက ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို ဗလာစာအုပ်နှင့် ဘောပင်များ လက်ဆောင်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)