ပန်းတနော်မြို့၌ မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပန်းတနော် ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးလုံခြုံရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်(၁၀)ဦးတို့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာများ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများ၊ EV ကား မီးလောင်မှုနှင့် ပတ်သက်၍ မီးဘေးလုံခြုံရေးတို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး၊ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြသခြင်းများအား ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)