ပုသိမ်မြို့၊ အ.မ.က(၁၀)ပုဂံကျောင်း၌ Grade-1 ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

ပုသိမ် ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး Grade-1 ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ယနေ့ နံနက်ပိုင်းက အ.မ.က(၁၀) ပုဂံကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း ဆောင်ရွက်ရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဝင်းအောင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့်ဆရာ/မများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး ‌ ကျောင်းသား/သူများအား နေ့လည်စာထမင်း၊ဟင်း၊ ပဲနို့၊ ငှက်ပျောသီးတို့အား အာဟာရကျွေးမွေးခဲ့သည်။ အာဟာရကျွေးမွေးပြီးနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အစာစားပြီး စနစ်တကျ လက်ဆေးခြင်း၊ သွားတိုက်ခြင်းများအား သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)