ကြံခင်းမြို့၊ အ.မ.က(မက်သနော)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဂိမ်းပြိုင်ပွဲကျင်းပပြုလုပ်

ကြံခင်း ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ​မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အခြေခံပညာမူလတန်း (မက်သနော) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းရှိ စာသင်ခန်းမ၌ ပြုလုပ်သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲတွင် အ.မ.က(မက်သနော) ကျောင်း ကျောင်းအုပ်ဆရာကြီး ဒေါ်ဇာဖြူစိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုး​​မြင့်က အနာဂတ်၏ မျိုးဆက်သစ်လူငယ်များ ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးလာစေရန်အပြောစွမ်းရည်မြင့်မားလာစေရန်၊ ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ကျောင်းစာကြည့်တိုက်များတွင် စာပေဖတ်ရှုတတ်စေရန်၊ စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်ပေးရခြင်းဖြစ် ကြောင်းပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကဗျာရွတ်ဆိုပြခြင်း၊ ပုံပြင်ပြောခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး  ခြေချ/လက်ချ ဂိမ်းပြိုင်ပွဲများကို ကျင်းပပေးရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စေရန် ကစားခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)