ဖျာပုံ ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လေးမြို့နယ်မှ နာယက ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်များ၏ကြီးကြပ်မှုဖြင့် (၄)မြို့နယ်လုံးဆိုင်ရာ ရှင်သာမဏေ ပရိယတ္တိနုဂ္ဂဟအာဂုံ/ရေးဖြေစာမေးပွဲကြီး ဒုတိယနေ့အား ဖျာပုံမြို့ ထန်းပင်ကျောင်း ပရိယတ္တိစာသင်တိုက်နှင့် သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့ နေ့လယ်ပိုင်း အချိန်က ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ(၄)မြို့နယ်လုံးဆိုင်ရာ ရှင်သာမဏေပရိယတ္တိနုဂ္ဂဟ အာဂုံ/ရေးဖြေစာမေးပွဲကြီး ဒုတိယနေ့အဖြစ် သာသနာ့ဗိမာန်တော်ကြီးတွင် ရှင်သာမဏေပရိယတ္တိနုဂ္ဂဟအာဂုံ (၅၀၃)ပါး ဝင်ရောက်ဖြေဆိုကြပြီး၊ ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်ကြီးတွင် မူလတန်းတွင်စာရင်းရှိ(၁၉၁)ပါး၊ ဖြေဆို(၁၆၇)ပါး၊ ပျက်ကွက်(၂၄)ပါး၊ အငယ်တန်းတွင် စာရင်းရှိ (၉၇)ပါး၊ ဖြေဆို(၈၇)ပါး၊ ပျက်ကွက်(၁၀)ပါး၊ အလတ်တန်းတွင်စာရင်းရှိ (၅၅)ပါး၊ ဖြေဆို(၄၉)ပါး၊ ပျက်ကွက်(၆)ပါးနှင့် အကြီးတန်းတွင်စာရင်းရှိ(၂၂)ပါး၊ ဖြေဆို(၁၉)ပါး၊ ပျက်ကွက် (၃)ပါးရှိပြီး စုစုပေါင်း စာဖြေရှင်သာမဏေ(၈၂၅)ပါး ဆက်လက်ဖြေဆိုကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်