မအူပင် ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ/ဘဲဥများ လက်ဝယ်အရောက် ရောင်းချပေးခြင်းအား ယနေ့နံနက် (၇)နာရီမှစတင်၍ အမှတ်(၃)ရပ်ကွက်၊ ကမ်းသာယာဈေးအနီးရှိ နယ်မြေမီးသတ်စခန်းရှေ့တွင် ရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါ ကြက်ဥ/ဘဲဥများ ဒေသခံပြည်သူများထံ လက်ဝယ်အရောက် ရောင်းချပေးမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကြက်ခြံ/ဘဲခြံမွေးမြူရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ ကြက်ဥတစ်လုံး(၃၅၀) ကျပ်ဖြင့် အလုံး(၃၅၀၀)နှင့် ဘဲဥတစ်လုံး(၄၇၀)ကျပ်ဖြင့် အလုံး(၅၀၀)အား ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)