ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ဘိုကလေး ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှတာဝန်ရှိသူများ ပူးပေါင်းကာ ယနေ့နံနက်()နာရီအချိန်၌ လိုအပ်သည်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

စစ်ဆေးဆောင်ရွက်ရာတွင် အဆိုပါကောလိပ်၌ မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများ၊  လျှပ်စစ်သွယ်တန်းသုံးစွဲမှုအခြေအနေများ၊ မီးသုံးစွဲမှုအခြေအနေများ၊ မီးဘေးတားဆီး ကာကွယ်ရေးပစ္စည်းများ ထားသိုသုံးစွဲမှု အခြေအနေများ စစ်ဆေးကာ လိုအပ်သည်များအား လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)