ငပုတော ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ဦးတည်အုပ်စုများနှင့်ပတ်သတ်၍ ငှက်ဖျားရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့်ပတ်သတ်၍ ဆွေးနွေးပွဲ အခမ်းအနားနှင့် သင်တန်းပို့ချခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စားအဖွဲ့ဝင်(၁) ဗိုလ်မှူးရဲလင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသန့်ဇော်မြင့်က ဦးတည်အုပ်စုများနှင့်ပတ်သတ်၍ ငှက်ဖျားရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ဌာနဆိုင်ရာများက ငှက်ဖျားရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့်ပတ်သတ်၍ သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသန့်ဇော်မြင့်က အကျယ်တဝင့် ပြန်လည်ဖြေကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)