ဘုတ်ပြင်း ဖေဖော်ဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အုန်းတောကမ်းကျေးရွာအုပ်စုရှိ လိပ်ဥချောင်း-ထောင်ဖီး-ဘလက်တောလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ကော့သောင်းခရိုင် ကျေးလက်လမ်းဖွံဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ဦးသူရိန်ထွန်း၊ ဘုတ်ပြင်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ လိပ်ဥချောင်း-ထောင်ဖီး-ဘလက်တောလမ်း (၅/၀)မိုင်ရှိသည့်အနက်မှ (၁/၀-၁/၅)ကြား ကျောက်ချောလမ်းခင်းခြင်းကို ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် (၁၁၃.၉၂၅)သန်းဖြင့် အရှည်(၀/၅)မိုင်၊ အကျယ်(၁၂)ပေ၊ ၆ လက်မထု ကျောက်ချောလမ်းခင်းခြင်း၊ ၃ လက်မထု အပွန်းခံလွှာခင်းခြင်း၊ အမာခံလမ်းပုခုံး ခင်းခြင်းလုပ်ငန်းကို လုပ်ငန်းတင်ဒါစနစ်ဖြင့် ဆန္ဒပြည့်ဝ (မြိတ်) ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှု ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)