အ.ထ.က ခ‌မောက်ကြီး‌ကျောင်းတွင်(Grade-1) ကျောင်းသား/သူများအား အာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

ခမောက်ကြီး  ဖေဖော်ဝါရီ ၁၇

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများတွင် (Grade-1) ကျောင်းသား၊ ကျောင်းသူများအား အာဟာရများ ကျွေးမွေးလျက်ရှိရာ ခမောက်ကြီးမြို့၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၁ နာရီခွဲခန့်က ၎င်းကျောင်းရှိ (Grade-1)ကျောင်းသူ/ကျောင်းသား(၁၂၁)ဦးတို့အား ကျောင်းတွင်း အာဟာရကျွေးမွေးပေးကြသည်။

ထိုသို့ အာဟာရကျွေးမွေးရာတွင် (Grade-1) ကျောင်းသား၊ကျောင်းသူများအား အာဟာရပြည့်ဝမျှတ၍ ကျန်းမာရေးနှင့်ညီညွတ်မှုရှိသော ထမင်း၊ ပဲဟင်းချို၊ ကန်စွန်းရွက်‌ကြော်၊ ကြက်ဥဟင်း၊ ငှက်ပျောသီးအစရှိသည်တို့ကို ဆရာ၊ဆရာမများနှင့် ကျောင်းသားမိဘများက ပူးပေါင်းချက်ပြုတ်‌ ကျွေးမွေးခဲ့ကြပြီး ထိုသို့အာဟာရများချက်ပြုတ်၊ ကျွေးမွေးနေမှုကို ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ကျောင်းသားမိဘများက အားပေးကြည့်ရှုခဲ့ကြ သည်။   

 ကျောင်းနေအရွယ်ကလေးများအာဟာရ ဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန်အတွက် ပညာရေးနှင့်ကျန်းမာရေး ဌာနအပါအဝင် ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ကြရန်၊ မူလတန်းကျောင်းသား/သူများ၏ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့်ပညာရေးတိုးတက်မှုများအတွက် ကျောင်းသား/သူများနှင့် ၎င်းတို့ မိသားစုများ၏ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများမြှင့်တင်ရန် ရည်ရွယ် ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 ခမောက်ကြီး (ပြန်/ဆက်)