ကရသူရိ ဖေဖော်ဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ Women Club အဖွဲ့နှင့်ပူးပေါင်း၍ အမျိုးသမီးများအား လက်မှုပညာရပ် အခြေခံချည်ထိုးနည်းသင်တန်းကို ယနေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက အမျိုးသမီးများအနေဖြင့်လက်မှုပညာရပ်တစ်ခုခုအား သင်ယူတတ်မြောက်ထားပါက မိမိတို့၏ ဝင်ငွေတစ်ခုအားရရှိမည်ဖြစ်ပြီး အလုပ်/အကိုင်/အခွင့်အလမ်းများလည်းရရှိလာမည်ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းဆရာမက ချည်ထိုးရာတွင် အမျိုးမျိုးရှိပြီး အခြေခံချည်ထိုးနည်းကို ဦးစွာပထမသင်ယူရန်လိုအပ်ကြောင်း၊ မိမိစိတ်ကူး ပုံဖော်နိုင်သည့်အတိုင်းကောင်းမွန်သည့် ချည်ထိုးနည်းပညာရပ်များအား ရရှိလာမည်ဖြစ်၍ မိသားစုအတွက် ဝင်ငွေရရှိသည့် လက်မှုပညာရပ်တစ်ခုဖြစ်ကြောင်းနှင့် အခြေခံချည်ထိုးနည်းကို စိတ်ဝင် တစ်စား သင်ယူကြရန်တို့ကို ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာမက တစ်ချောင်းထိုးနည်း၊ ပန်ထိုးနည်း၊ ချည်ထိုးနည်း၊ အိတ်ထိုးနည်းစသည့် အခြေခံချည်ထိုးနည်းများအား သင်ကြားပြသရာ သင်တန်းသူများက လက်တွေ့ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ အခြေခံချည်ထိုးနည်းသင်တန်းသို့ ကရသူရိမြို့ပေါ်ရပ်ကွက်ရှိ အမျိုးသမီး (၂၂)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)