ကော့သောင်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

ကော့သောင်း ဖေဖော်ဝါရီ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် ခရိုင်အားကစား နှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး‌ ဟောပြောပွဲကို ယနေ့နံနက်ပိုင်းကအ.ထ.က(၁)ကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မေဇင်ဦးက လူငယ်များ ယနေ့ခေတ်ဆိုရှယ်မီဒီယာကို နည်းစနစ်မှန်ကန်စွာ အသုံးပြုနိုင်ရန်အတွက် အမှား အမှန်၊ အကောင်း/အဆိုးကို ခွဲခြားသိမြင်နိုင်စေသည့် အသိပညာဗဟုသုတများ ရရှိ‌စေနိုင်မည့် စာအုပ်စာပေများ လေ့လာဖတ်ရှုကြရန်လိုအပ်ကြောင်းနှင့် လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များ လေ့ကျင့်ပျိုးထောင်ကြရန်၊ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ကြရန်နှင့် စာဖတ်ခြင်းဖြင့်ရရှိနိုင်သောအကျိုးရလဒ်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူးဦးနိုင်ကျော်ဝင်းက အားကစားပြုလုပ်ရသည့်ရည်ရွယ်ချက်များအကြောင်း၊ အားကစားပြုလုပ်ရခြင်း၏ အကျိုးကျေးဇူများအကြောင်း၊ အားကစားကိုနည်းစနစ်မှန်မှန်ကစားနိုင်စေရန် နည်းလမ်းများ အကြောင်း၊ နှစ်စဥ်အားကစားပြိုင်ပွဲများ ပြုလုပ်ပေး‌‌နေသည့်အ‌ခြေအနေများ၊ ထူးချွန်သည့် ကစားသမားများအတွက် ရရှိနိုင်မည့်အခွင့်အလမ်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့‌ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)