သရက်ချောင်းမြို့နယ်၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစား‌ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

သရက်ချောင်း    ဖေဖော်ဝါရီ  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ ပန်းတောမူလွန်ကျောင်း၌ ကျောင်းသား/သူများဖြင့် အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစား‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစား‌ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ
ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက ဦးစွာ ကျောင်းသား/သူများအား မိမိတို့လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းစဉ်နှင့် လုပ်ဆောင်ချက်များအကြောင်းကို ပြောကြားခြင်းနှင့် အသိပညာပေးဟောပြောရာတွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေသော အလုပ်ရှင်များအား ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ အရေးယူနိုင်သည့် ဥပဒေများအကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံခဲ့ရသော ကလေးအလုပ်သမားများအား ပြန်လည်ကုစားရေး နည်းလမ်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောပြီးနောက် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက ဟောပြောချက်များကို ကျောင်းသား/သူများအား မေးခွန်းများဖြင့် မေးမြန်းခဲ့ပြီး အဖြေမှန်သူများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)