သံတောင်ကြီး ဖေဖာ်ဝါရီ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ် စာစောင်ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် အလုပ်လုပ်ကိုင်နေသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများ၊ ကလေးသူငယ်များ ၏အကျိုးစီးပွား ဆောင်ရွက်ချက်များ၊ ကလေးသူငယ်များ၏ အခွင့်အရေးကိုဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးအတွက်ဆောင်ရွက်နေမှုများ၊ ကလေးအလုပ်သမားဟူသည်အဘယ်နည်း ကလေးအလုပ်သမား သည်တရားမဝင်ပါ၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ စသည့်အကြောင်းအရာများအား ပြသပေးခဲ့ရာကျောင်းသူ/ကျောင်းသားများ၊ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကျောင်းသူ၊ ကျောင်းသားများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် နေ့ထူးနေ့မြတ်များနှင့် လစဉ်အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နော်နော်မူ