သံတောင်ကြီးဒေသထွက်မျှစ်ခြောက်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ

သံတောင်ကြီး ဖေဖော်ဝါရီ ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်မြို့ဖြစ်သည့် အားလျော်စွာသစ်၊ ဝါးများသဘာဝအတိုင်း ပေါက်ရောက်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့်မျှစ်များကို တစ်နှစ်တာပတ်လုံးအတွက် စားသုံးနိုင်ရန်မျှစ်ခြောက်များပြုလုပ်ကြသည်။ ယခုအချိန်တွင် မျှစ်စိုများရှားပါးလာ ပြီဖြစ်သည့်အတွက် မျှစ်ခြောက်များဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိကြောင်းသိရသည်။

မျှစ်ခြောက်များ တစ်နှစ်တာလုံး တာရှည်ခံစားသုံးနိုင်ရန်မိုးတွင် မျှစ်များလှိုင်လှိုင်ပေါ်ချိန်တွင် မျှစ်စိုများကို ပါးပါးခြစ်ကာမနူးတနူးပြုတ်ပြီး အရည်စစ်၍ထင်းမီး(သို့မဟုတ်)နေနှင့် အခြောက်ခံကာ လုံခြုံစွာသိုလှောင်ထားရှိရသည်။ မျှစ်ခြောက်များကိုကရင်ရိုးရာတာဟဲဖိုး၊ တာလပေါဟင်းများ ချက်ပြုတ်ရာတွင် အဓိကအသုံးပြုသည်သာမက အခြားသောသီးနှံအသားဟင်းများနှင့်လည်း ရောချက်ရာတွင် အလွန်အရသာကောင်းသည့်အတွက် သံတောင်ကြီးမြို့ပေါ်တွင်သာမက တောင်ငူ၊ ရန်ကုန်နှင့်အခြားနေရာဒေသများက မှာယူတင်ပို့ရောင်း ချကြသည်။

အဆိုပါ မျှစ်ခြောက်တစ်ပိဿာကိုကျပ်(၁၈၀၀၀)မှကျပ်(၂၀၀၀၀)အထိရရှိသည့်အတွက်မျှစ်ခြောက် လုပ်ကိုင်ရောင်းချသူများအတွက် အပိုဝင်ငွေရရှိကြောင်း သိရသည်။

နော်နော်မူ