ပိုင်ကျုံမြို့၊ အ.မ.ကမိုးနိုင်းတောင်ကျောင်း၌ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပိုင်ကျုံ ဖေဖော်ဝါရီ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်း‌ကျေးရွာအုပ်စုရှိ အ.မ.ကမိုးနိုင်းတောင်ကျောင်း၌ ကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည် ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကျောင်းသား/သူများကကျောင်း မြတ်ဆရာတေးသီချင်းဖြင့် သီဆိုဖွင့်လှစ် ပြီး လှိုင်းဘွဲမြိုနယ်၊ လကထောက်မြို့နယ်ပညာရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အ.ထ.ကပိုင်ကျုံကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက စနစ်သစ်ပညာရေး စနစ်အကြောင်းသိစရာများ၊ မိဘ၊ဆရာ ပူးပေါင်းကလေးပညာကောင်း၊ ပညာရှာပမာ သူဖုန်းစာအကြောင်းများ၊ ကလေးများပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေး အတွက် မိဘများ ဝိုင်းဝန်းဆောင်ရွက်ရန်စသော အကြောင်းများကို ဆွေးနွေးပြောကြားခဲ့သည်။ ထိုနောက် ၂၀၂၄-၂၀၂၅ဘဏ္ဍနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ခွင့်ပြုရန်ပုံ‌ ငွေကျပ် (၁၃၁.၆၈၇)သန်းဖြင့် ငွေဝင့်ထည်ကုမ္မဏီမှ တာဝန်ယူတည်ဆောက်ပြီးစီးသည့် ကျောင်းဆောင်သစ်အား တာဝန်ရှိသူတို့မှလွှဲပြောင်းပေးအပ်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း စွမ်းဆောင်ရည်အကောင်းဆုံးရရှိသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများတို့မှ ဆု များ အသီးသီး‌ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် အခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များအား ကျောင်းသားလူငယ်များက တေးသီချင်းသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)