သာပေါင်းမြို့နယ်အဆင့် ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း အသိပေးရှင်းလင်း

သာပေါင်း ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့်ပတ်သက်၍ မြို့နယ်အဆင့် အသိပေးရှင်းလင်းခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းမီမီခိုင်မှ ငှက်ဖျားရောဂါဖြစ်ပွားမှု၊ ဦးတည်အုပ်စုများအား ငှက်ဖျားရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များ၊ ငှက်ဖျားရောဂါကာကွယ်ဆေး တိုက်ကျွေးမည့် အစီအစဥ်တို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး သာပေါင်း ပြန်/ဆက်