မင်းကင်း ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ကျေးတောင်ဦးကျေးရွာ အောင်ချမ်းသာလမ်းအား မင်းကင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း မတည်ရန်ပုံငွေနှင့် ကျေးရွာလူထုထည့်ဝင်ငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းနှင့် ဂျင်းလမ်းဆောင်းရွက်ပြီးစီးသည့် လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကျေးတောင်ဦးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးဇော်လွင်က ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းစီမံကိန်းနှင့် လမ်းရေရှည်တည်တံ့ရေးဝိုင်းဝန်းဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကုန်ကျစရိတ်များနှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောမြတ်ထွန်းက ရှင်းလင်းခဲ့ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီတစ်ဦးမှ လုပ်ငန်းဆောင်ရွက်ပြီးစီးသည့်လမ်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းနှင့် ဂျင်းလမ်းဆောင်းရွက်ပြီးစီးမှုအခြေအနေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီများက လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါလမ်းများသည် ရာသီမရွေးသွားလာနိုင်ရန် ကွန်ကရစ်လမ်း (၃၀၀ ပေ × ၉ ပေ× ၆ ပေ) နှင့် ဂျင်းလမ်း (၆၀၀ ပေ× ၁၆ ပေ × ၉ ပေ) ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း မတည်ရန်ပုံငွေ (၁၅)သန်းနှင့် ကျေးရွာပြည်သူထည့်ဝင်ငွေ (၃)ဒသမ (၈၁၇) သန်း စုစုပေါင်း (၁၈) ဒသမ (၈၁၇) သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)