မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပန်းအလှဆင်သင်တန်းဆင်းပွဲကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၁၆

တိုင်းဒေသကြီးအတွင်း လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ လူမှုစီးပွားဘဝပြည့်စုံရေး အထောက်အကူပြုနိုင်ရန်ရည်ရွယ်လျက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးပေးမှုဖြင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ( Community Centre )ခန်းမတွင် ဖွင့်လှစ်သည့် ပန်းအလှဆင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာပန်းအလှပြင်သင်တန်း ဆင်းပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက သင်တန်းသူများအနေဖြင့် တက်မြောက်ထားသည့် ပန်းအလှပြင်နည်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိဆောင်ရွက်ပေးကြရန်နှင့် ဆက်လက်ပြီးလည်း ပန်းအလှပြင်နည်းများကို စဥ်ဆက်မပျက် လေ့လာကြိုးစားလုပ်ကိုင်ကြစေကြောင်း တိုက်တွန်းအမှာစကားပြောကြားသည်။

ထို့နောက်မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက မုံရွာခရိုင်အတွင်း သင်တန်းများ ဖွင့်လှစ်ခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးဒေါ်ရွှေလဝါဝါက ပန်းအလှပြင်သင်တန်း နည်းပြ ဆရာမ ဒေါ်လှလှရွှေအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့ပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်း သူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်းသိရသည်။

အဆိုပါသင်တန်းတွင် မုံရွာမြို့ရှိဌာနဆိုင်ရာများမှ ဝန်ထမ်းများအပြင် ဒေသတွင်းလူငယ်များ စုစုပေါင်း သင်တန်းသူ ၁၅ ဦးအား တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်( ပြန်/ဆက်)