စလင်း ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး မင်းဘူခရိုင် စလင်းမြို့ ပုထိုးဖြူရပ်ကွက် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းမှ ၁၃၈၆ ခုနှစ်တပိုတွဲလပြည့်ကျော်(၃)ရက်၂၀၂၅ ခုနှစ် ယနေ့ နံနက်ပိုင်းမှစတင်ကာ နေ့လည်(၁)နာရီအချိန်အထိ စေတနာရှင်ဆေးဝါးကျွမ်းကျင်ဆရာဝန်များနှင့်ပူးပေါင်းကာ ကျန်းမာရေးချို့တဲ့သူ ရပ်ဝေးရပ်နီးမှ ရဟန်းရှင်လူပြည်သူများအား ဖေဖော်ဝါရီလ ဒုတိယပတ်အဖြစ်ဆေးကုသပေးလျက်ကြောင်း သိရသည်။
စလင်းမြို့နယ် ဒို့မေတ္တာ(အခမဲ့)ကုသိုလ်(၈)မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ အပတ်စဥ်စနေနေ့တိုင်း(အခမဲ့)စေတနာဆရာဝန်(၄)ဦးနှင့် တိုင်းရင်းဆေးဆရာ(၁)ဦး၊ ဆေးဝါးကျွမ်းကျင်သူ စေတနာရှင်(၃၀)ဦးတို့မှစုပေါင်း၍ စလင်းမြို့နယ်အတွင်းနှင့် ရပ်ဝေးရပ်နီးမှကျန်းမာရေးချို့တဲ့သူ ဝေဒနာရှင်ပြည်သူများအား ဖေဖော်ဝါရီလ ဒုတိယပတ်(စမ်းသပ်စစ်ဆေး၍) ဆေးကုသခြင်းကို မေတ္တာများဖြင့်(အခမဲ့)စမ်းသပ်စစ်ဆေးဆေးကုသပေးခြင်း စားဆေးသောက်ဆေးများပေးဝေ၍ ဆေးကုသပေးလျက်ရှိရာ ဆေးကုသမှုခံယူသူ ကျန်းမာရေးချို့တဲ့သူဝေဒနာရှင်(၂၆၀)ကျော်အား စမ်းသပ်စစ်ဆေးဆေးကုသခြင်းများဖြင့် အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ် ဒို့မေတ္တာ(အခမဲ့)ကုသိုလ် (၈)မျိုးကျန်းမာရေးနှင့်နာရေးကူညီမှုအသင်း စတင်တည်ထောင်သည့်နေ့မှစ၍ နှစ်စဥ်/လစဥ် (၅၀၀)ကျပ်မှ (၁၀,၀၀၀ကျပ်)စသဖြင့် ပြည်သူများမှထည့်ဝင်လှူဒါန်းကြပြီး ယနေ့အထိတိုင် ပြည်သူထည့်ငွေလှူဒါန်းမှုများဖြင့် ရဟန်းရှင်လူဆင်းရဲချမ်းသာမရွေး အခမဲ့စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်း ဒို့မေတ္တာအခမဲ့ဆေးခန်းမှသိရသည်။
(မောင်လွင်)စလင်း