ငပုတောမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ငပုတော ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ညနေပိုင်းက ပမ္မဝတီပြည်သူ့အားကစားဝန်းအတွင်း ကျင်းပပြုလုပ်သည်။

ပထမဦးစွာ စစ်ကြောင်းမှူးကဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားအသင်းများမှ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌအား ချီတက်အလေးပြုကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားရာတွင်  တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေပြီး အားကစားကဏ္ဍကို ပိုမိုစိတ်ပါဝင်စားလာစေရန်နှင့် နိုင်ငံတော်အဆင့်ထူးချွန်‌သော လက်ရွေးစင်အားကစားသမားများပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် (၄)ချက်ရွတ်ဆိုကြပြီး ပြိုင်ပွဲဝင်ဘောလုံးအသင်းဝင်များ အားကစားဝန်းအတွင်းမှပြန်လည်ထွက်ခွာကြသည်။ ဆက်လက်ပြီး ပွဲစဉ်(၁) ပြင်ခရိုင်တိုက်နယ်အသင်းနှင့် ဟိုင်းကြီးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)