မြို့သစ် ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများစားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင် ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန်မသင့်သည့်တားမြစ် ထားသောစားသောက်ကုန် အမှတ်တံဆိပ်များအား ကျောင်းသား / ကျောင်းသူများ သိရှိနားလည်း သဘောပေါက်စေရန်အတွက် အသိပညာပေးဆွေးနွေးဟောပြောခြင်းကို မြို့သစ်မြို့နယ်၊ သီးပင်ကျးရွာအခြခံပညာမူလတန်းကျောင်းသို့ ယမန်နေ့က သွားရောက်၍ အသိပညာပေး ဟောပြောခဲ့သည်။
ထိုသို့ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က စားသောက်ကုန်ပစ္စည်းများအကြောင်းကိုလည်းကောင်း၊ FDA က စားသုံးရန်မသင့်သည့် တားမြစ်ထားသောစားသောက်ကုန်များအကြောင်းနှင့် စားသောက် ကုန်လုပ်ငန်းရှင်များမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် အခက်အခဲမဖြစ်စေရေးနှင့် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန်၊ ရောင်းချခြင်းမပြုရန် တားမြစ်ထားသောစားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို မြို့သစ်မြို့နယ်၊ သီးပင်ကျေးရွာအခြခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၁ဝ၀) ဦးတက်ရောက်ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)