ကော့သောင်းမြို့တွင် ခရိုင်အဆင့်ရှာဖွေကယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ 

ကော့သောင်း ဖေဖော်ဝါရီ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲကို ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူရဝင်းက သင်တန်းဆင်းမိန့်ခွန်း ပြောကြားခဲ့ပြီး ကြက်ခြေနီတပ်ဖွဲ့၊ မြန်မာမူဆလင်နာရေးကူညီမှုအသင်းနှင့် အစ္စလာမ့်လူငယ်ပရဟိတအဖွဲ့၊ ရွှေအဏ္ဍဝါပရဟိတလူငယ်အဖွဲ့၊ သန္ဓေ၊ အရန် မီးသတ်သင်တန်းသားတပ်ဖွဲ့ဝင်များ၊ နည်းပြများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

သင်တန်းဆင်းပွဲသို့ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၃၀) ဦး၊ ကြက်ခြေနီ (၁၀) ဦး၊ မြန်မာမူဆလင်နာရေးကူညီမှုအသင်းနှင့် အစ္စလာမ့်လူငယ်ပရဟိတ (၅) ဦး၊ ရွှေအဏ္ဍဝါပရဟိတ လူငယ်အဖွဲ့ (၅) ဦး ပေါင်းသင်တန်းသား (၅၀) ဦးနှင့်  သင်တန်းအား (၃-၂-၂၀၂၅) ရက်နေ့မှ (၁၄-၂-၂၀၂၅) ထိ ရက်သတ္တ (၂) ပတ် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)