စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်မှ လစဉ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မုံရွာ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံတော်မှ လစဉ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူပြည်သူများအား နိုင်ငံတော်မှ လစဉ်ထောက်ပံ့ငွေများ ပေးအပ်သွားမည့် အစီအစဉ်များအား အကျယ်တဝံ့ ရှင်းလင်းပြောကြားသည်။ 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၂ ခရိုင်၊ မြို့နယ် ၃၄ မြို့နယ်သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူ ၁၇၃၁၅၄ ဦးအား နိုင်ငံတော်မှ ပေးအပ်သည့် ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလအတွက် တစ်ဦးလျှင် ငွေကျပ် - ၂၀၀၀၀ နှုန်းဖြင့် နိုင်ငံတော်မှပေးအပ်သည့် တစ်လစာ ထောက်ပံ့ငွေကျပ် - ၃၄၆၃.၀၈၀ သန်းအား တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်များ အားအသီးသီးပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။                                          

တိုင်းဒေသကြီး(ပြန်/ဆက်)